’’နိဗ္ဗာန်’’
28 Jan 2011 1 Comment
in ခံစားမှုများ
’’နိဗ္ဗာန်’’
ကောင်းကင်ဘုံထဲ
တိမ်စိုင်ဖြူဖြူတွေရဲ့အထက်ယွန်းယွန်း
တောင်ချွန်းချွန်းကြီးတွေရဲ့ထိပ်ဆုံး
ဘာတခုစလုံးမှမဟုတ်ဘူး။
ရင်ခွင်ထဲ တိုးဝှေ့ငုံ့လျှိုး နေတဲ့
ရှက်ပြုံးပြုံးနေသော ချစ်သူ ရဲ့ပါးပြင်လေးကို
ဖွဖွလေးထိရှိုက် နမ်းမိခဲ့စဉ်။
(ဗစ်တာထွန်းဇေ)
ကျွန်တောခံစားကြည့်သော နေ့လည်စာ
03 Sep 2010 8 Comments
in ခံစားမှုများ
ကိုယ့်ပြည်ဌာနီ မွေးရပ်မြေ မဟုတ်တော့.. အချိန်တန် အိမ်ပြန်
ကြရတာ လူ့ဘဝ ထုံးစံ တခု နှယ်…. ၊ဒီအချိန်မှာ…
ပြေလည်ခြင်း ၊ မပြေလည် ခြင်း ၊ဝမ်းနည်း ..ဝမ်းသာ ဘာတခုမှမခံစားချင်ဘူး။
“မကြာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ပါတော့မယ် ရှင်”
အဲဒီ ကြေငြာသံ လေး အဆုံးမှာ ရင်ထဲ က အပြုံးတွေ
(မယုံကြည်နိုင်စရာ)
လေယဉ်ပြေးလမ်းပေါ် ဘီးတွေမကျမှီ
ခြေလှမ်းကျဲကျဲကြီး နဲ့ကစုန်ဆိုင်းလို့လေ။
“ဟဲ့..ဖိုးခွါး..၊ ငါ့ခွေးလေး ၊သားရေ ၊လူလေး..”
“အမေ..အမေ”
“ဟဲ့..ဖြေးဖြေး
ခြေထောက်တွေ တက်နင်းမိပါအုံးမယ်
လူတယောက်လုံးတောင် မမြင်အောင်
ဘယ်တွေ အကြည့်တွေသဝေထိုးနေလဲ”
ဒီအချိန်..ဘယ်သူ့စကားမှ
အို – ဘာမှ မကြားချင်ဘူး…
မေမေ့ ကို တင်းတင်းဖက်ထားရင်း
ကျွန်တော် လွတ်မြောက်နေပါတယ်။
(ပျော်လိုက်တာ မေမေ ၊ ဒါပေမယ့် ကျွန်တော်ငိုနေတယ်)
ကျွန်တော်ခံစားနေရတယ် သိလား မေမေ…။
အမေ့ရဲ့ ဒုက္ခအိုးလေး (click လုပ်၍ ဖွင့်နားဆင်ပါ)
လူနဲ့အကျီင်္ (click လုပ်၍ ဖွင့်နားဆင်ပါ)
ကိုဌက်(ဆရာ ထူးအိမ်သင်) ကျွန်တော် အကို နဲ့ ထပ်တူ ပေါ့။
ညီလေးရေ (click လုပ်၍ ဖွင့်နားဆင်ပါ)
ကြိုးဝိုင်း (click လုပ်၍ ဖွင့်နားဆင်ပါ)
ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးသော မိတ်ဆွေ များ ကို ကျေးဇူး အထူးတင်ပါသည်။
အထူးအားဖြင့် တကူးတက ဘာရေးရေး လာလာကြည့်ပေးကြသော
တရင်းတနှီး မိတ်ဆွေ များ ကို ကျေးဇူးသီးသန့် တင် ချင်ပါသည်။
ကျွန်တော့် ရဲ့ အိမ် အပြန် ခရီး မထွက်ခွါ မှီ နောက် ဆုံး အနေ နဲ့
ဆရာ ကို ထူးအိမ်သင် သီချင်းလေး တွေ နဲ့ နှူတ်ဆက်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ရိုင်းပြ သော စာ ၊ စကား ၊ မှားယွင်းသော အရေးအသားများ
ရှိခဲ့ပါက လည်း တောင်း ပန်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ ဘဝအမောတွေပြေကြပါစေ။
အားလုံး ကို ချစ်ခြင်းအားဖြင့်..
ဗစ်တာထွန်းဇေ
ကြီးပွါးတိုးတက် နာမည်ကြီးသော လူကြီး နဲ့ ကျွန်တော်
24 Aug 2010 5 Comments
in ခံစားမှုများ
ကြီးပွါးတိုးတက် နာမည်ကြီး သော လူကြီးကို
ကမ္ဘာပျက် နေ ပြီလားမေးကြည့်တော့
လူကြီး က ရယ်(ရီ) နေတယ်။
ဥာဏ်ရည် ဥာဏ်သွေး နိမ့်ပါးတဲ့
ကျွန်တော့်ကို ငုံ့ကြည့်ရင်း..
ကမ္ဘာကြီး က ဖွံ့ဖြိုးတိုးတက်လာနေတာပါ
ငါ့အိမ်ကြီး ကို ကြည့် ၊ငါ့ယဉ်ကြီးကိုကြည့်
ငါ့မြေကြီး ကို ကြည့်ဆိုပဲ။
……..
တကယ် မြင်တွေ့လိုက်ရတာ
ပိုမိုပူလာတဲ့နေ ၊ မီးလျှံတွေလိုတငြီးငြီး
လောင်ကျွမ်းတောက်လောင်နေရင်း
ပျက်စီးသွားတဲ့မြေယာ တွေ
မျောပါသွားသော ကျွဲ နွား လူ နဲ့ အဆောက်အဦး များ
ပူဆွေးနေသော သောက နဲ့ ဒုက္ခတရားများ
ရက်စက်လိုက်တာ။
ဒါ-နတ်ဘုရား ရဲ့ ကျိန်စာ တွေ ကြောင့်များ လား။
လူတွေ စည်းကမ်း မဲ့မှူ များ လား
တီထွင်မှု နည်းပညာ တွေ တိုးတက်လာလို့လား
အခြားကမ္ဘာက ဂြိုလ်သတ္တဝါ တွေ တိုက်ခိုက်ခံရတာလား။
……..
ဘယ်လိုပြောပြော…
သနားစဖွယ် မျက်လုံးလေးတွေ နဲ့ ဘေးအန္တာရယ်ကြုံ
သူတို့ဘဝ လုံခြုံ ဖို့ ဒေါ်လာသန်းပေါင်းများစွာ လိုတယ်။
သူတို့အသက်ရှင်ဖို့ ရေသန့်တွေ လီတာ များစွာ လိုတယ်။
သူတို့နေထိုင်ဖို့ ၊ သူတို့ ပျော် ရွှင်ဖို့ ၊သူတို့မနာကျင်ဖို့
အို..သူတို့ကို ကယ်တင်ဖို့ ၊ ကမ်းဆင့်တွဲကူမယ့်
စာနာမှူ လက်တွေ လိုတယ်။
သဘာဝပတ်ဝန်းကျင် ပညာပေးအသိတွေ
နောက်နောင် ကျယ်ကျယ်ပြန့်လုပ်ဆောင်ဖို့လိုတယ်။
ကြိုတင်ကာကွယ်ရေး သတိတွေ ထားဖို့လိုတယ်။
နတ်ဘုရား ကို နောက်ထပ် ကျိန်စာမတိုက် ဖို့
အထူး တား မြစ် ဖို့ လည်း လို ကို လိုတယ်။
……..
လက်သီးလက်မောင်းတန်းပြီး
လုပ်ဆောင်ရန် ကိစ္စတွေ ကြံဆတွေးခေါ်နေသော
(လူနံပိန်)ကျွန်တော့်ကို ခပ် မဲ့မဲ့ ကြည့်ရင်း
ကြီးပွါးတိုးတက် နာမည်ကြီး သော လူကြီးက
မနက်ဖြန် ထွက်ပေါ် လာ မယ့် နည်းပညာ နဲ့
စီးပွါးရေး သတင်း အကြောင်း သာ
စူးစိုက် တွေးခေါ်နေတာ တွေ့ရတယ်။
……..
မနေနိုင်မထိုင်နိုင် ကျွန်တော့် ကို
နတ်ဘုရား က အသာ လက်ယက်ခေါ်ပြီး
သူ့ပယောဂ မပါ ပဲ
ကမ္ဘာပျက်နေပြီ ဖြစ်ကြောင်းနဲ့
ကမ္ဘာဖျက်ခံနေရပြီ ဖြစ်ကြောင်း
အတိတ်စိမ်းပေးရင်း
အိပ်မက်မှ လှူပ် နှိုး ခဲ့တယ်။
ဗစ်တာထွန်းဇေ
အမောပြေ
21 Aug 2010 4 Comments
in ခံစားမှုများ
ချွေးစက်တွေ နဲ့ နွမ်း
တနေ့တာ ဘဝ က ပင်ပန်းလွန်းပါတယ်။
ရုတ်တရက်…
တ အဲ့..အဲ့.နဲ့
နူတ်ဆက်လိုက်တာလား
လူ လေး (သားငယ်) ရေ။
ကြား မိ နေ တဲ့၊ မင်း ရဲ့ သံစဉ်ချိုတေး
ငါ့ဘဝ ကို အေး မြ သွား စေ လေ ရဲ့။
ဗစ်တာထွန်းဇေ
အနိုင် = အရှုံး
21 Aug 2010 Leave a Comment
in ခံစားမှုများ
စည်းဝိုင်း ကျဉ်းကျဉ်း ထဲ
ဆင်တွေလိုဝှေ့ နွားတွေလိုခွေ့
ကိုယ့်ဘဝ ကို ကိုယ် မေ့လျော့ထားကြပုံ
ငွေကြေး ကို အသက် နဲ့ အလောင်းအစား
(သူ့ပြောစကား အရ “စီးပွါးရေး အတွက်ပါ”တဲ့)။
ခပ်မဲ့မဲ့ မျက်နှာ တွေ က
ကျား တွေ လို အစွယ် တဖြီးဖြီး
ကြည့်….
နောက်တချီ အပြီးမှာ.
အပြာရောင် ချန်ပီယံလည်း ကွဲပြဲ
အနီရောင် စိန်ခေါ်သူလည်း ပြို လဲ။
ညံ့ချက် ဆိုချင်ဆို
အို- အသည်းနုတယ်ပြောချင်လည်းပြော
ကျုပ်တော့.. ဒီပွဲမှာ
အောင်နိုင်သူ ဘယ်သူဆိုတာ
ခု ထိ အမှန် မသိနိုင်ခဲ့ဘူး။
ဗစ်တာထွန်းဇေ
ညီညာစွာ လှမ်းခဲ့ မေ
19 Aug 2010 Leave a Comment
in ခံစားမှုများ
ဥဒဟို လမ်းမတွေက
အသေကောင် လို ပက်လက်ကြီးစန့်လို့။
ခြေထောက်တွေ က
ဟိုဘက် ကို ဒီဘက်ကို
မြင်းခွာတွေ လို တဒေါက်ဒေါက် နဲ့
ခရီးရှည်ဆန့်လို့ ။
ဖြန့်ကျက်ထားတဲ့ စိတ်တွေက စွန်တွေလို
လေတံခွန်လေး လို တ လူလူပေါ့။
ဖြူဖြူ…..
မင်း နာ မည် ကျယ် ကျယ် အော် စမ်း
ခယောင်းလမ်း မှာ အနာ တွေ မကျက်သေးဘူး
ပန်းခင်းလမ်းဟာ သြဘာသံမညံသေးဘူး
လက်တမ်း ကဗျာလေး ဟာ ၊ ကာရံ မငြိသေးဘူး။
မေးကြည့်စမ်း….
မင်း သွေး တကယ်ကို နီ ရဲ့လား
ခြေလှမ်းတွေ ဘယ်ညာ ညီ ရဲ့လား
အား သွင်း လျှောက် လိုက်
ခြေထောက်တွေ ကိုက်လို့
သွေးတွေစိုက်ကနဲ ၊( ဖြိုက် ကနဲ ) ကျ စမ်း ပါ စေ
တို့- ပန်းတိုင် ရောက် မှ အသက်ရှု ရပ်
အောင်မြင်မှု မှတ်တိုင် စိုက် ပါ ညီမရေ။
တို့- ပန်းတိုင် ရောက် မှ အသက်ရှု ရပ်
အောင်မြင်မှု မှတ်တိုင် စိုက် ပါ ညီမရေ။
ဗစ်တာထွန်းဇေ
ကဲ..မခက်ဘူးလား
17 Aug 2010 2 Comments
in ခံစားမှုများ
ပိတ်ထားတဲ့ တံခါး ကို
ခေါ်မဖိတ်ပဲ ရုတ်တရက်
ဆွဲခေါက် နှူတ်ဆက်
“ဟိုင်း…” ။
ဒီလိုနဲ့ လန့်နိုးမိတော့
ခြေသံဆိတ် လက်ပြ နှုတ်ဆက်
“ဘိုင်..”။
ဗစ်တာထွန်းဇေ
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
စာကြွင်း။ ။ ယခင် ၂၀၀၈ ခုနှစ် တုန်း က ကိုစိုင်းထွန်း ၏ ရွိုင်ရယ်မြန်မာ
ဘလော့ လေး အ တွက် ရေး ၍ ပေး ပို့ ခဲ့ ဖူး ပါ သည်။
စက်တင်ဘာ
15 Aug 2010 3 Comments
in မှတ်တမ်း
စက်တင်ဘာ
အရင်က ထင်ထားသလိုပဲ
ဒီတခေါက်လည်း…
ရင်လှိုက်သည်းဖို ဇာတ်ကြမ်းတွေချည်း ။
(ရိုမာန်တစ် မဆန်သလို ၊ ဂျိုးဖြူ လည်း မပါဘူး)
တကယ်ပါ …
ဘယ်ဇာတ်ဝင်ခန်း တခန်းမှာမှ
ဘယ်ဇာတ်ဝင်ခန်း တခန်း ကို မှ
ဘုရား သခင် ကောင်းချီးမပေးခဲ့ဘူး။
ရှေ့သို့ကျော်ကြည့်မိတဲ့
တခန်းတည်းသော အနာဂတ် ပြခန်း မှာ
မီးအလင်းအမှောင် နဲ့ အလင်းရောင် အားနည်းမှုကြောင့်
ကိုယ့်မျက်နှာ သာသာယာယာ ကို
ကိုယ့်ဖာသာ ကြည်ကြည်လင်လင် ပြန်မမြင်မိပြန်ဘူး။
ဒါကိုများ…
နှစ်ကုန်ရာသီ ဆုတံဆိပ် ဖလား အတွက်
မရှက်မကြောက် စက်တင်ဘာ
ကိုယ်ရည်သွေး တီးလုံးစမ်း နေပုံ
တအံ့တသြ ဖြစ်မိပါရဲ့။
ဗစ်တာထွန်းဇေ
Happy Birthday Singapore (Majulah Singapura)
09 Aug 2010 2 Comments
in မှတ်တမ်း
မင်းက သူငယ်နှပ်စား
လေးဖက်တွားလေး မဟုတ်တော့ဘူးပဲ။
မင်းက လောက်လေး(လေးဂွ) တလက်နဲ့
စာ ၊ဂျိုး ၊ဆက်ရက်(ဇရပ်) ဌက် ပစ်တဲ့ အရွယ် လည်း မဟုတ်ပြန်ဘူး။
မင်းကို ရူးရူးမိုက်မိုက် နဲ့ တစောက်ကန်း အရွဲ့တိုက်တတ်ပြီး
အချစ်နတ် ကိုယ်းကွယ် တဲ့ လူငယ်လေး တယောက်လို့ လည်း မဆိုနိုင်ဘူး။
မင်း ကို တွေ့ ခါ စ က… ငါ ယုံ တောင် မယုံ ဘူး
ဒီ အ ရွယ် ကြီး ရောက် လိမ့် မယ် ဆို တာ
ဒီ ကောင် ကြီး ဖွံ့ ထွား သန် မာ လိမ့် မာ ဆို တာ
ဒီ ကောင် ကြီး ပ ညာ ထူး ချွန် လိမ့် မယ် ဆိုတာ
အို… ငါ အတွေး မှာ ၊ မင်း ကို အ ထင်း သေး ချင်း များ နဲ့ သာ။
တောင်း ပန် ပါ တယ် သူ ငယ် ချင်း ..၊ မင်း ခွှင့် လွှတ် ပါ။
မင်း က တ ကယ် ကြိုး စား သူ တယောက်
လော က ကို လက် ခ မောင်း ခတ် ပြ နိုင် တဲ့
အ စွမ်း အ စ ရှိ သူ တ ယောက်
ဖွံ့ ဖြိုး မှု များ နဲ့ ယဉ် ကျေး မှူ များ စွမ်း ဆောင် နိုင် သူ တယောက်
မညီမျှခြင်း များ ကို ညီမျှခြင်း နဲ့ အနီးစပ်ဆုံး အဖြေရှာနိုင်သူတယောက်
အ များ တကာ နောက် ဘယ်တော့ မှ မ ကျန် ခဲ့ သူ တယောက်
နိုင် ငံ တကာ က ၊ လာ ရောက် သူတွေ သြော ချ (အံ့သြ) ရ သူ တယောက်
အ ဖက် ဖက် (အရာရာ) က ၊ ဖွံ့ဖြိုးမှူ တိုင်း တာ ခြင်း ငါ့ ပေ တံ မှာ
ရာ ခိုင်း နှုံး ၁၀၀ မရ နိုင် ပေ မယ့် ၊ ၈၀% လောက် ရှိ သူ တယောက်
ရှေ့ဆက်လျှောက် ပါ…သူငယ်ချင်း
ဒီနေ့ မင်း က အသက် ၄၅ နှစ် အရွယ်
နည်း ပညာ ရှင် ၊ စီးပွါးရေးသမားကြီး တယောက် ပါ
ရှေ့ သို့ မ ပျက် ရည် ရွယ် ၊ က မ္ဘာ ကြီး ကို
မင်း လက် နှစ် ဖက် နဲ့ အ စွမ်း ကုန်
အေးချမ်း သာ ယာ ဖို့ အ လှ ဆုံး ဆေး စက် တွေ နဲ့
ဝိုင်း ဝန်း ခြယ် မှုန်း ပါ။
“ဟတ်ပီ ဘတ် ဒေး ပါ သူငယ်ချင်း”
ဗစ်တာထွန်းဇေ
…………………………………………………………………………………………………
စကားကြွင်း ။ ။ ယနေ့ ၉ /၈/၂၀၁၀ တွင် ၊ ကျရောက် သော စင်္ကာပူ ကျွန်း နိုင်ငံ လေး၏ (၄၅) နှစ်မြောက် အမျိုးသား လွတ်လပ်ရေး နေ့ (ဝါ) မွေးနေ့မင်္ဂလာ အ တွက် တ ခု ခု ရေး ပေး ဖို့ တောင်း ဆို လာ သူ …. စင်္ကာပူ ရောက် ကို မျိုး ၊ ကို သိန်းနိုင် (david) + မစိုးသီတာ(Lili) ၊ဒေါ်သန်းသန်းဝင်း ၊ ညီ ကျော်ကျော်အောင်၊ မင်းသူထွန်း ၊နှမငယ် သူသူအေး တို့ နဲ့ တကွ အားလုံး အတွက်ဖြစ်ပါတယ်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကျေးဇူးများစွာဖြင့်…….
အလွမ်း မှတ်တမ်း အပိုဒ်ခွဲ(က)
07 Aug 2010 1 Comment
in ခံစားမှုများ
မိုးရေစက်တွေ ကြား က
သြဂုတ်လ နွေ လောင်မြိုက်နေသလို
ဦးတည်ရာမဲ့နေတဲ့ စိတ်တစ္ဆေ
ဘာကြောင့်များ ..ကြိုးသိုင်း ဖိနပ် လှလှ လေး
ဝတ်ဆင်ထားခြင်း မရှိရတာလဲ ကွယ်။
ဆူညံစွာ အော်သံ ..တူညီစွာခေါ်သံ အချို့ နဲ့
မင်း ရဲ့ ရာသီ ဖေါက်ပြန်နေမှု ထဲ
ငါ့ကိုယ် ငါ စီးနင်းလိုက်ပါခဲ့ပါတယ်။
မင်း က တော့ ပြက္ခဒိန် ဟောင်း ကြီး လို
အ မှူ မဲ့ အ မှတ် မဲ့ မတ်တပ်ကြီး မေ့လို့ ပေါ့။
သတိရတဲ့နေ့က ဆို ..
မင်းရဲ့အဖြူအမည်း ဓါတ်ပုံလေး က
ငါ့ အိပ်ကပ် ပါးပါး ထဲ (ကြားညှပ်) လှပလို့ရှိဆဲ
မ ညီ မ လှ .. မင်း ရဲ့ အမှတ်တရ
“အောင်နိုင် သို့”လက် ရေး လေး က တော့
သက္ကရာဇ်မှတ်တမ်း တွေ နဲ့ အ တူ
ငါ့နှလုံးအိမ် နီ နီ ထဲ မှာ
မော်ကွန်းဝင် သမိုင်းကို တွင် လို့
ငါ က လည်း မ ပြီး မြောက် သေး တဲ့
အ လွံမ်း တွေ နဲ့ အ တူ တူ
ကြည့်ဖူး ပြီး သား ရုပ်ရှင် ကား အကြောင်းပဲ
အပ်ကြောင်းထပ် ဖန်တလဲလဲ အမြုပ်ပြန်ပြန်ထလို့
မင်း ရဲ့ ရာသီ လေး ကို ဖက်တွယ်ထားလိုက်မိတယ်။
ဗစ်တာထွန်းဇေ
ချစ်မိတ်ဆွေတို့ ရဲ့ ခံစားမှု ရောင်ပြန်အသံ