စက်တင်ဘာ
15 Aug 2010 3 Comments
in မှတ်တမ်း
စက်တင်ဘာ
အရင်က ထင်ထားသလိုပဲ
ဒီတခေါက်လည်း…
ရင်လှိုက်သည်းဖို ဇာတ်ကြမ်းတွေချည်း ။
(ရိုမာန်တစ် မဆန်သလို ၊ ဂျိုးဖြူ လည်း မပါဘူး)
တကယ်ပါ …
ဘယ်ဇာတ်ဝင်ခန်း တခန်းမှာမှ
ဘယ်ဇာတ်ဝင်ခန်း တခန်း ကို မှ
ဘုရား သခင် ကောင်းချီးမပေးခဲ့ဘူး။
ရှေ့သို့ကျော်ကြည့်မိတဲ့
တခန်းတည်းသော အနာဂတ် ပြခန်း မှာ
မီးအလင်းအမှောင် နဲ့ အလင်းရောင် အားနည်းမှုကြောင့်
ကိုယ့်မျက်နှာ သာသာယာယာ ကို
ကိုယ့်ဖာသာ ကြည်ကြည်လင်လင် ပြန်မမြင်မိပြန်ဘူး။
ဒါကိုများ…
နှစ်ကုန်ရာသီ ဆုတံဆိပ် ဖလား အတွက်
မရှက်မကြောက် စက်တင်ဘာ
ကိုယ်ရည်သွေး တီးလုံးစမ်း နေပုံ
တအံ့တသြ ဖြစ်မိပါရဲ့။
ဗစ်တာထွန်းဇေ
Advertisement
Aug 15, 2010 @ 14:22:15
ဒီခေတ်မှာ ကိုယ်ရည်သွေးတီးလုံးစမ်းနေသူတွေများတယ်လေ…
မအံ့သြပါနဲ့တော့….
Aug 17, 2010 @ 04:55:59
အလည်လာစာဖတ်ပါတယ်ရှင် . .
Aug 17, 2010 @ 12:04:56
အဲအဲ…မှန်လိုက်လေ စဉ်းစားကြည့်လေ ပိုအဓိပ္ပာယ်ပေါ်လေပဲ။ ကောင်းလိုက်တဲ့ ကဗျာလေး။
ခင်တဲ့(ချိုကျ)