ကြီးပွါးတိုးတက် နာမည်ကြီးသော လူကြီး နဲ့ ကျွန်တော်

ကြီးပွါးတိုးတက် နာမည်ကြီး သော လူကြီးကို

ကမ္ဘာပျက် နေ ပြီလားမေးကြည့်တော့

လူကြီး က ရယ်(ရီ) နေတယ်။

ဥာဏ်ရည် ဥာဏ်သွေး နိမ့်ပါးတဲ့

ကျွန်တော့်ကို ငုံ့ကြည့်ရင်း..

ကမ္ဘာကြီး က ဖွံ့ဖြိုးတိုးတက်လာနေတာပါ

ငါ့အိမ်ကြီး ကို ကြည့် ၊ငါ့ယဉ်ကြီးကိုကြည့်

ငါ့မြေကြီး ကို ကြည့်ဆိုပဲ။

……..

တကယ်  မြင်တွေ့လိုက်ရတာ

ပိုမိုပူလာတဲ့နေ  ၊ မီးလျှံတွေလိုတငြီးငြီး

လောင်ကျွမ်းတောက်လောင်နေရင်း

ပျက်စီးသွားတဲ့မြေယာ တွေ

မျောပါသွားသော ကျွဲ နွား လူ နဲ့ အဆောက်အဦး များ

ပူဆွေးနေသော သောက နဲ့ ဒုက္ခတရားများ

ရက်စက်လိုက်တာ။

ဒါ-နတ်ဘုရား ရဲ့ ကျိန်စာ တွေ ကြောင့်များ လား။

လူတွေ စည်းကမ်း မဲ့မှူ များ လား

တီထွင်မှု နည်းပညာ တွေ တိုးတက်လာလို့လား

အခြားကမ္ဘာက ဂြိုလ်သတ္တဝါ တွေ တိုက်ခိုက်ခံရတာလား။

……..

ဘယ်လိုပြောပြော…

သနားစဖွယ် မျက်လုံးလေးတွေ နဲ့ ဘေးအန္တာရယ်ကြုံ

သူတို့ဘဝ လုံခြုံ ဖို့  ဒေါ်လာသန်းပေါင်းများစွာ လိုတယ်။

သူတို့အသက်ရှင်ဖို့ ရေသန့်တွေ လီတာ များစွာ လိုတယ်။

သူတို့နေထိုင်ဖို့ ၊ သူတို့ ပျော် ရွှင်ဖို့ ၊သူတို့မနာကျင်ဖို့

အို..သူတို့ကို ကယ်တင်ဖို့ ၊ ကမ်းဆင့်တွဲကူမယ့်

စာနာမှူ လက်တွေ လိုတယ်။

သဘာဝပတ်ဝန်းကျင် ပညာပေးအသိတွေ

နောက်နောင် ကျယ်ကျယ်ပြန့်လုပ်ဆောင်ဖို့လိုတယ်။

ကြိုတင်ကာကွယ်ရေး သတိတွေ ထားဖို့လိုတယ်။

နတ်ဘုရား ကို နောက်ထပ် ကျိန်စာမတိုက် ဖို့

အထူး တား မြစ် ဖို့ လည်း လို ကို လိုတယ်။

……..

လက်သီးလက်မောင်းတန်းပြီး

လုပ်ဆောင်ရန် ကိစ္စတွေ  ကြံဆတွေးခေါ်နေသော

(လူနံပိန်)ကျွန်တော့်ကို ခပ် မဲ့မဲ့ ကြည့်ရင်း

ကြီးပွါးတိုးတက် နာမည်ကြီး သော လူကြီးက

မနက်ဖြန် ထွက်ပေါ် လာ မယ့် နည်းပညာ နဲ့

စီးပွါးရေး သတင်း အကြောင်း သာ

စူးစိုက် တွေးခေါ်နေတာ တွေ့ရတယ်။

……..

မနေနိုင်မထိုင်နိုင် ကျွန်တော့် ကို

နတ်ဘုရား က  အသာ လက်ယက်ခေါ်ပြီး

သူ့ပယောဂ မပါ ပဲ

ကမ္ဘာပျက်နေပြီ ဖြစ်ကြောင်းနဲ့

ကမ္ဘာဖျက်ခံနေရပြီ ဖြစ်ကြောင်း

အတိတ်စိမ်းပေးရင်း

အိပ်မက်မှ လှူပ် နှိုး ခဲ့တယ်။

ဗစ်တာထွန်းဇေ

Advertisement

5 Comments (+add yours?)

  1. ချော
    Aug 24, 2010 @ 20:19:26

    တစ်ချို့နံမည်ကြီးနေတဲ့ လူတွေကလေ ဒေါ်လာသန်းပေါင်းများစွာလိုတယ်.. လှူကြပါ.. ကူကြပါ.. အော်နေပြီး သူတို့အိတ်ထဲကတော့ တစ်ပြားမှ မထုတ်ဘဲ.. ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်.. အလှူရှင်စာရင်းမှာ တစ်ခြားသူတွေနံမည်သာတွေ့ရတယ် သူတို့နံမည် ရှာမတွေ့ဘူး………………..း)

    Reply

  2. ZaunG
    Aug 26, 2010 @ 18:42:50

    ရပ်ကွက်ထဲက လူတွေပြောသလိုပါပဲဗျာ
    ကြီးပွားတိုးတက်သူတွေဟာ သူတို့ရဲ့“ဘို့”ကိုသာ ကြည့်တတ်ကြတာတဲ့……….

    ZaunG

    Reply

  3. ခိုင်နုငယ်
    Aug 27, 2010 @ 11:23:29

    အော် မမချောနှယ် ဟန်ကိုယ့်ဖို့ ဆိုတာလိုပေါ့။
    မရောက်တာကြာလို့ အရောက်လာကာ အကြွေးတွေလည်း
    ဖတ်ရူ့သွားပါတယ်။ ဆရာ ဗစ်တာထွန်းဇေရေ…း)

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    Reply

  4. ရေသန့်
    Aug 30, 2010 @ 08:41:25

    နတ်ဘုရားက ကျနော့်ကိုလည်း လက်ပုတ်နိုးသွားတယ်

    Reply

  5. မြစ်ကျိုးအင်း
    Aug 31, 2010 @ 05:07:07

    နေပူ ဘဝပူ တဲ့ ကျိန်စာတော့ ကျနော်တို့လည်း မလွတ်ရပါဘူးဗျာ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.