ကျွန်တောခံစားကြည့်သော နေ့လည်စာ

ကိုယ့်ပြည်ဌာနီ မွေးရပ်မြေ မဟုတ်တော့.. အချိန်တန် အိမ်ပြန်

ကြရတာ လူ့ဘဝ ထုံးစံ တခု နှယ်…. ၊ဒီအချိန်မှာ…

ပြေလည်ခြင်း ၊ မပြေလည် ခြင်း ၊ဝမ်းနည်း ..ဝမ်းသာ ဘာတခုမှမခံစားချင်ဘူး။

“မကြာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ပါတော့မယ် ရှင်”

အဲဒီ ကြေငြာသံ လေး အဆုံးမှာ ရင်ထဲ က အပြုံးတွေ

(မယုံကြည်နိုင်စရာ)

လေယဉ်ပြေးလမ်းပေါ် ဘီးတွေမကျမှီ

ခြေလှမ်းကျဲကျဲကြီး နဲ့ကစုန်ဆိုင်းလို့လေ။

“ဟဲ့..ဖိုးခွါး..၊ ငါ့ခွေးလေး ၊သားရေ ၊လူလေး..”

“အမေ..အမေ”

“ဟဲ့..ဖြေးဖြေး

ခြေထောက်တွေ တက်နင်းမိပါအုံးမယ်

လူတယောက်လုံးတောင် မမြင်အောင်

ဘယ်တွေ အကြည့်တွေသဝေထိုးနေလဲ”

ဒီအချိန်..ဘယ်သူ့စကားမှ

အို – ဘာမှ မကြားချင်ဘူး…

မေမေ့ ကို တင်းတင်းဖက်ထားရင်း

ကျွန်တော် လွတ်မြောက်နေပါတယ်။

(ပျော်လိုက်တာ မေမေ ၊ ဒါပေမယ့် ကျွန်တော်ငိုနေတယ်)

ကျွန်တော်ခံစားနေရတယ် သိလား မေမေ…။

အမေ့ရဲ့ ဒုက္ခအိုးလေး (click လုပ်၍ ဖွင့်နားဆင်ပါ)

လူနဲ့အကျီင်္ (click လုပ်၍ ဖွင့်နားဆင်ပါ)

ကိုဌက်(ဆရာ ထူးအိမ်သင်) ကျွန်တော်  အကို နဲ့ ထပ်တူ ပေါ့။

ညီလေးရေ (click လုပ်၍ ဖွင့်နားဆင်ပါ)

ကြိုးဝိုင်း (click လုပ်၍ ဖွင့်နားဆင်ပါ)

ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးသော မိတ်ဆွေ များ ကို ကျေးဇူး အထူးတင်ပါသည်။

အထူးအားဖြင့် တကူးတက ဘာရေးရေး လာလာကြည့်ပေးကြသော

တရင်းတနှီး မိတ်ဆွေ များ ကို ကျေးဇူးသီးသန့် တင် ချင်ပါသည်။

ကျွန်တော့် ရဲ့ အိမ် အပြန် ခရီး မထွက်ခွါ မှီ နောက် ဆုံး အနေ နဲ့

ဆရာ ကို ထူးအိမ်သင် သီချင်းလေး တွေ နဲ့ နှူတ်ဆက်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ရိုင်းပြ သော စာ ၊ စကား ၊ မှားယွင်းသော အရေးအသားများ

ရှိခဲ့ပါက လည်း တောင်း ပန်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ ဘဝအမောတွေပြေကြပါစေ။

အားလုံး ကို ချစ်ခြင်းအားဖြင့်..

ဗစ်တာထွန်းဇေ

Advertisement

8 Comments (+add yours?)

  1. အုပ်ကြီး
    Sep 03, 2010 @ 09:19:19

    သယ်ချင်း,
    အချိန်တန်ရင် အိမ်ပြန်ကြရမှာ
    သဘာဝပါဗျာ …
    အမြဲမဟုတ်တောင် တစ်ခါတစ်ခါတော့
    ရေးဖြစ်ပါစေ..
    အားလုံးအဆင်ပြေပါစေလို့ လည်း ဆုတောင်းပေးပါတယ်

    Reply

  2. မြစ်ကျိုးအင်း
    Sep 03, 2010 @ 11:32:05

    သာယာပျော်ရွှင်ဖွယ် အိမ်ပြန်ခရီးလေး ဖြစ်ပါစေဗျာ…။
    အိမ်ပြန်ချင်စိတ်တွေ ယိုဖိတ်နေတာ ကဗျာထဲမှာ ထင်းထင်းကြီး တွေ့နေရလို့
    ကိုယ်စား ဝမ်းသာပျော်ရွှင်မိပါတယ်။

    Reply

  3. ချော(အစိမ်းရောင်လွင်ပြင်)
    Sep 03, 2010 @ 13:33:51

    အဲ တကယ်ပြန်တော့မယ်လား
    အိမ်ရောက်ရင်လဲ အချိန်ရတဲ့ခါ စာပြန်ရေးဦးပေါ့။
    ဘလော့မှာစာရေးရင်း မှတ်ချက်လေးတွေကြောင့် ရင်းနှီးခဲ့ရပေမဲ့
    နောင်ကိုလဲ အမြဲသတိတရ ရှိနေမှာပါ။
    ပြန်ဆုံကြဦးစို့ရဲ့နော်
    အိမ်အပြန်ခရီး အစစ အဆင်ပြေပါစေ
    ခွဲခွာနေရတဲ့ မိသားစု အဖေအမေ မောင်နှမ သားသမီး ချစ်သူခင်သူများနဲ့
    ပျော်ရွှင်ချမ်းမြေ့သော တွေ့ဆုံခြင်း ဖြစ်ပါစေရှင်။

    Reply

  4. မေပယ်လ်
    Sep 03, 2010 @ 17:37:07

    ခုပဲ မျက်စိလည်လာပါတယ် ခုပဲ နှုတ်ဆက်ခံရတယ်
    နည်းနည်းတော့ ကိုယ့်ကြမ္မာကို ကိုယ်လန့်မိတယ်
    ဘာပဲဖြစ်ဖြစ်လေ…ဒါဟာ နိယာမတစ်ခုပဲမလား

    Reply

  5. ဂျစတူး(မုံရွာ)
    Sep 04, 2010 @ 01:29:28

    ကဗျာတွေလည်းဖတ်သွားတယ်
    လင့်ကလေးလည်းပေးခဲ့တယ်
    ဒါဘဲ
    http://www.youtube.com/user/moemaka#p/c/705C66EFF8FFBADD/0/Ginbcwgk2vI

    Reply

  6. vzty109
    Sep 04, 2010 @ 04:32:22

    ကျေးဇူးအထူးတင်ပါတယ် ရောင်းရင်း မိတ်ဆွေ များခင်ဗျား။
    ဒီထက်ပိုပြောလို့ရတဲ့ စကားလုံး တလုံးလောက်ပဲ ရှိရှိ ၊ဒါမှ မဟုတ်
    နောက်ထပ် တမိနစ်လောက် များ… ဆက်လို့နေခွင့်ရသေးရင်
ု လာလာလည်ကြတဲ့သူတွေ ၊ တထောင့်တနေရာ နေရာပေးကြတဲ့သူတွေ
    အားလုံးကို အနက်ရှိင်းဆုံးပြောချင်ပါသေးတယ်။

    ခင်မင်လေးစားစွာဖြင့်..
    ဗစ်တာထွန်းဇေ

    Reply

  7. လသာည
    Sep 07, 2010 @ 11:15:42

    ဟယ်လို!

    ပြန်သွားတာလား။

    ကဗျာဆရာကြီးနဲ့ ပြန်ဆုံချင်ပါသေးတယ်။

    Reply

  8. လသာည
    Sep 15, 2010 @ 12:27:15

    ခက်ခက်ခဲခဲ ကျော်ဖြတ်လာလည်သွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ မိသားစုလည်း နောက်နှစ် မြန်မာပြည် ပြန်မှာ။ ကဗျာဆရာကြီးကို အိမ်လည်ဖိတ်ပါဦးမယ်။ လာလည်ပါဦး။ နီးရင် မေးပို့လိုက်မယ်း)))

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.